Subtotal ( items)

မြန်မာ့စီးပွားရေးကောင်းဝေယံ လုပ်ငန်းစု အဖွဲ့စည်း

လုပ်ငန်းစုအကြောင်းအသေးစိတ်ဖော်ပြခြင်း MBK လုပ်ငန်းစုများအနက် ပိုင်ဆိုင်သောလုပ်ငန်းစုများအားဖော်ပြအသိပေးခြင်း

1.      IT KING KAUNG WAI YAN COMPANY LIMITED
2.     MYANMAR BEAUTY PRODUCTS LIMITED
3. FOREVER FUTURE MYANMAR LTD
4. KWY DIGITAL MYANMAR MONEY LTD
5.     KAUNG WAI YAN CONSTRUCTION COMPANY LIMITED
6.     SPECIAL ONE COMPANY
7.     DIGITAL E-SIM MYANMAR LTD
8.    MYANMAR BUSINESS KUANG WAI YAN LTD
 ကုမ္ပဏီများအနက် Digital Pay , IT KING Pay  များနှင့်ထုတ်ကုန်ပစ္စည်း အမှတ်တံဆိပ်များမှာ
K SMART Electronic ထုတ်ကုန်ပစ္စည်းများ နှင့် IT KING NET နှင့် K INTERNET များကို မြန်မာတစ်ဝှမ်းလုံး
တွင် ဖြန့်ချီရောင်းချပေးပြီး ဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Special One Company သည် Ringtune Service ဝန်ဆောင်မှုပေးသော Telecom  တစ်ခုဖြစ်သည် ။
 မြန်မာ့စီးပွားရေးကောင်းဝေယံလီမိတက် လုပ်ငန်းစုအဖွဲ့စည်း သည် အဓိကပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတည်ဆောက် ထားပါသည်

 အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်

၁။ ဒေါက်တာကောင်းဝေယံ                   ( ဥက္ကဋ္ဌ ) 
၂။ ဒေါ်သဲမြခိုင်                                       ( ဒုတိယ ဥက္ကဋ္ဌ )
၃။ ဦးလှိုင်းထက်အောင်                          ( ဥက္ကဋ္ဌ Personal Secretary Officer )
၄။ ဦးနိုင်ခန့်အောင်                                 ( ဥက္ကဋ္ဌ Personal Secretary Officer  )
၅။ ဒေါ် စိမ့်ဇာနည်နိုင်                           (ဥက္ကဋ္ဌ Personal Secretary  )
၆။ ဦးအောင်သန်းလင်း                          ( Managing Director )
၇။ ဦးပာန်မျိုးအောင်                             ( General Director)
၈။ ဒေါ်ကြည်ပြာဝတ်မှုံ                         ( Business Advisor Lawyer )
၉။ ဦးလွန်းဝေထွန်း                                (Company Document Lawyer)
၁၀။ဦးစိုးဝင်း                                         ( Site Electrical Engineer )
၁၁။ဦးမင်းမင်း                                       ( Technical Engineer )
၁၂။ ဦးမင်းဇော်                                      ( Bank Operation Director)
၁၃။ ဦးတင်ဇော်လင်း                             ( Management Operation Director )
၁၄။ ဦးကျော်သိန်းဌေး                           ( Admin Director )
၁၅။ဦးမြင့်ဆွေ                                       ( General Manager )
စသည်တို့ ဖြင့် မြန်မာ့စီးပွားရေးကောင်းဝေယံလုပ်ငန်းစု အဖွဲ့စည်းကို လူပုဂ္ဂိုလ် ၁၅ ဦးဖြင့် တည်ဆောက်ဖွဲ့စည်းထားပါသည်။

အဖွဲ့စည်းအကြောင်း အသေးစိတ်ဖေါ်ပြခြင်း
ကောင်းဝေယံလုပ်ငန်းစုဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းအနေဖြင့်  ၂၀၁၂-၂၀၁၃ ခုနှစ် မှ စတင်ပြီး မြန်မာနိုင်ငံတွင်ငွေကြေးကုမ္ပဏီတစ်ခုအနေဖြင့် Myanmar Mobile Money Project များ၊ လုပ်ကိုင်ဆောင်ရွက်မှုများ နှင့် ရင်းနှီးမြှုပ်နှံမှုများကို ကောင်းဝေယံလုပ်ငန်းစုမှ ပထမဆုံး ရရှိခဲ့ပြီး အင်းဝဘဏ် ၊ မြဝတီဘဏ် တို့နှင့်ပူးပေါင်းကာ ၂၀၁၄ ခုနှစ်မှစတင်ပြီး ဖုန်းအော်ပရေတာ များ ငွေဖြည့်ခြင်း ၊ ငွေသွင်းခြင်း ၊ Sim Card Activate လုပ်ခြင်း နှင့် ငွေလွှဲခြင်း ၊ ငွေထုတ်ခြင်း ၊ Digital E-money ဝန်ဆောင်မှုကို ရန်ကုန် ၊ မန္တလေး၊ နေပြည်တော် ၊ ပဲခူး ၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် တိုင်းနှင့်ပြည်နယ် ခုစလုံးတွင် လုပ်ပိုင်ခွင့်များစွာရရှိခဲ့ပါသည်။ ယနေ့ထိတိုင်အောင် အဆိုပါလုပ်ငန်းများကို လည်း ဆက်လက် လုပ်ကိုင်နေပါသည်။ ထို့အပြင် တယ်လီကွန်းဆက်သွယ်ရေးကုမ္ပဏီတစ်ခုကို Distribution လုပ်ပေးခြင်း၊ ဖြန့်ချီရောင်းချခြင်းနှင့် ထုတ်ကုန်ပစ္စည်းများကို ယနေ့ထိတိုင်လုပ်ကိုင် ဆောင်ရွက်နေသော အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ IT KING KAUNG WAI YAN COMPANY LIMITED ဖြစ်ပေါ်လာပုံများသည်လည်း ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ထိုတိုင်းဒေသကြီးများတွင် IT KING Mobile Sale & Service အဖြစ် ၂၀၁၃ မှ ၂၀၁၇ အထိ Brand Shop , Own Shop ပေါင်းများစွာ ဖွင့်လှစ်လုပ်ကိုင်ခဲ့ပြီး ထိုသို့လုပ်ကိုင်မှုများအနက် Sim Card များကို MPT နှင့်လက်တွဲကာရောင်းချပေး၍ တိုင်းနှင့်ပြည်နယ် ခုတွင် ဖြန့်ချီလုပ်ကိုင်ပေးခဲ့ပါသည်။ ခေတ်စနစ်နှင့်အညီတိုးတက်လာပုံများအတွက်ကြောင့်  IT KING KAUNG WAI YAN COMPANY LIMITED သည် ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းတည်ဆောက်ခဲ့ပါသည်။ တိုင်းနှင့်ပြည်နယ်အချို့များတွင် Telecom Tower တိုင်များတည်ရှိပါသည်။ထို့နောက်စားသောက်ကုန်များ ၊ Hotel လုပ်ငန်းများ ၊ Digital လုပ်ငန်းများနှင့် အိမ်သုံးလျှပ်စစ်ထုတ်ကုန်များကို  K SMART SOLAR  ဟူ၍ ၂၀၂၀ မှစတင်ပြီး မိတ်ဆက်၍ အများပြည်သူများသုံးစွဲမှု အဆင်ပြေ‌‌ရန်အတွက် ရောင်းချခဲ့သော Brand တစ်ခုအဖြစ်ယနေ့ထိတိုင်လည်ပတ်လျက်ရှိပါသည်။ ထို့နောက်ဖွဲ့စည်းတည်ဆောက်မှုများနှင့်မြန်မာနိုင်ငံ တိုးတက်မှုဆိုင်ရာ တစ်ထောင့်တစ်နေရာများတွင်စဉ်းစား၍ လူတိုင်းသည် Phone Sim Card များ ကိုင်ဆောင် အသုံးပြုနိုင်သော အခြေအနေများနှင့် နိုင်ငံ့စီးပွားရေးတစ်ထောင့်တစ်နေရာများတွင် ပါဝင်ကူညီ အားဖြည့်သောအားဖြင့် နောက်ဆုံးကုမ္ပဏီတစ် ခုအနေဖြင့် Special One Company ကိုတည်ထောင်ခဲ့ပြီး အော်ပရေတာမျိုးစုံများနှင့် အကျိုးတူပူးပေါင်းကာ Ring Tune System Service ကို စတင်ပုံဖော်ဆောင်ရွက် ခဲ့ပါသည်။ ကုမ္ပဏီလုပ်ငန်းစု အတွေ့အကြုံများနှင့်ပုံဖော်ခဲ့သော လုပ်ငန်းစုများ၏ ရလဒ်ကောက်နှုတ်ချက်များအနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်ပြီး ယနေ့ထိတိုင်အောင်လည်ပတ်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

နေပြည်တော် ရုံးချုပ်

အမှတ် ၁၃၉ ၊ ပုဗ္ဗသီရိ မြို့နယ်၊နေပြည်တော်

 ရန်ကုန်ရုံးချုပ်

 အမှတ် ၁၂၇ ၊၁၄/၃ ရက်ကွက်၊သံသုမာလမ်း ၊ တောင်ဥက္ကလာပမြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ။

 ရန်ကုန်ရုံးခွဲ
 
 အမှတ် ၂၃၈၊ သွပ်ဝိုင်းကြီး ရက်ကွက် သံသုမာလမ်း၊သင်္ဃာန်းကျွန်းမြို့နယ် ၊ ရန်ကုန်တိုင်း ဒေသကြီး။

မန္တလေး ရုံးခွဲ

 အမှတ် ၂၈၇၊ ၃၅ လမ်း၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား၊မဟာအောင်မြေ မြို့နယ် မန္တလေးတိုင်း ဒေသကြီး။

find us on social media

© Copyright 2025 All rights reserved by MBK  . | Contact Us : 067-4705262 , 4927
 ( MYTEL , MPT User Only )